အရောင်း / အလဲ စည်းကမ်းများ Dynasty မှ ဝယ်ယူထားသော ရွှေထည်များကို ၃ ရက်အတွင်း စိတ်ကျေနပ်မှုတစ်စုံတစ်ရာ မရှိခဲ့ပါက ဝယ်ယူထားသော ပစ္စည်းတန်ဖိုးနှင့် ထပ်တူ (သို့) ပိုသော အခြားမည်သည့် ရွှေထည်နှင့်မဆို လက်ခမရှုံးပဲ လဲလှယ်နိုင်ပါသည်။ 24K CHARM အထည်များအားပြန်ရောင်းသော်လည်းကောင်း၊ ပြန်လဲသော်လည်းကောင်း ရွှေစျေးတွင် စျေးမခွာပဲ ပြန်ရောင်းသည့်နေ့၏ အရောင်းပေါက်စျေးဖြင့် ပြန်ဝယ်ပေးပါသည်။ (လက်ခ ကျသင့်ငွေတန်ဖိုး ပြန်လည်ရရှိမည် မဟုတ်ပါ။) 24K အခြားရွှေထည်များ (Charm မဟုတ်သည့်ရွှေထည်များ) အခြားရွှေထည်များ ပြန်လဲ လိုပါက ရွှေစျေးတွင် စျေးမခွါဘဲ အခြားရွှေထည်ကို ဝယ်ယူထားသော ပစ္စည်းတန်ဖိုးနှင့်ထပ်တူ(သို့) ပိုသော အခြားမည်သည့် ရွှေထည်နှင့် မဆို လဲလှယ်နိုင်ပါသည်။ (လက်ခ ကျသင့်ငွေတန်ဖိုး ပြန်လည်ရရှိမည် မဟုတ်ပါ။) 24K အခြားရွှေထည်များ (Charm မဟုတ်သည့်ရွှေထည်များ) အခြားရွှေထည်များ ပြန်ရောင်း လိုပါက ရွှေစျေးတွင် 1g ကို တန်ဖိုး ၁၂၀၀ကျပ်သာ ခွာပြီး ပြန်လည်သွင်းနိုင်ပါသည်။ (လက်ခ ကျသင့်ငွေတန်ဖိုး ပြန်လည်ရရှိမည် မဟုတ်ပါ။) 23K အထည်များ ပြန်လဲ လိုပါက ရွှေစျေးတွင် (၅၀၀၀)ကျပ်သာခွာပြီး၊ အထည်များ ပြန်ရောင်း လိုပါက ရွှေစျေးတွင် (၁၀၀၀၀) ကျပ်သာခွာပြီး ပြန်လဲ၊ရောင်း ပြုလုပ်နိုင်ပါသည်။ (အလျော့တွက် + လက်ခ ကျသင့်ငွေတန်ဖိုး ပြန်လည်ရရှိမည် မဟုတ်ပါ။) 18K အထည်များ ပြန်လဲ 15%၊ ပြန်ရောင်း 20%၊ အထည်ပျက်များ ဖြစ်ပါက 25% ဖြင့် ပြန်လည်လက်ခံပေးပါသည်။